ပလောက်မြို့၌ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

ပလောက်    မတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ရေတွင်းမှရေစုပ်ယူရေတင်ပြီး ပန်းမုံလာ၊ ခရမ်းချဉ်၊ ခရမ်း၊ မုံလာထုတ်၊ငရုတ်၊ ဗူး၊ ဖရုံစတဲ့ သီးနှံမျိုးစုံ စိုက်ပျိုးပါတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းတော့ အဆင်ပြေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်”ဟု အမှတ်(၁)ရပက်ကွက်နေဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးက‌ ပြောပြ သည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ GAP သင်တန်းဖွင့်လှစ်ခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုး ပြေးဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများ လက်တွေ့ပြသခြင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)