ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံး‌‌ရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ

ဒေးဒရဲ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင်  စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များနှင့် ရင်းနှီးမှုရရှိစေရန်၊ စာစီစာကုံးများ ရေးသားရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် ရေးသားနိုင်စေရန် ရည်ရွယ် ကာ ယခုသင်တန်းကို ဖွင့်လှစ်ပေး ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ အထက်တန်းပြဆရာ ဦး‌အေးမင်းသူက သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် စာစီစာကုံးများ ရေးသားရာတွင် ထည့်သွင်းရေးသားသင့်သည့် အခြေခံအကြောင်း အရာများအပြင် သင်တန်းကာလ အတွင်း လက်တွေ့စာစီစာကုံးရေးသားစေခြင်း၊ ပြိုင်ပွဲများ ပြုလုပ်၍ ဆုများရွေးချယ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည့် အတွက် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးအနေဖြင့် စာစီစာကုံး ရေးသားနည်းသင်တန်းအား မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၅)ရက်ကြာ အခမဲ့သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် လူငယ်လူရွယ် (၂၃)ဦး တက်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အေဇာလင်း