လိပ်သို မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်းထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက် လျက်ရှိရာကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဇရစ်ရိုးပင်များ များပြားစွာပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ နွေရာသီကာလ ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုး နုများကို ဒေသခံပြည်သူများက မိသားစုစားသုံးရန် လိုက်လံချိုးယူကြပြီး ပိုလျှံသော ဇရစ်ရိုးများကို အခြားစားသုံးသူမျာ ထံ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ယခင်ကာလများက ဇရစ်ရိုးများ လွန်စွာပေါများသောကြောင့် တစ်စီးကို ကျပ် (၁၀ဝိ/-)သာရရှိခဲ့သော်လည်း ယခုအခါ ဇရစ်ရိုးများရှားပါးလာခြင်း၊ စားသုံးသူတိုးပွား လာခြင်းတို့ကြောင့် တစ်စီးကို ကျပ် (၅၀ဝိ/-) ရရှိလာသောကြောင့် ဇရစ်ရိုးချိုးယူရောင်းချသူများ အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)