သရက်ချေင်း မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့၌ ၂၀၂၃- ၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား/သူများအနေဖြင့် ထိရောက်သောသင်ယူမှုများ စဉ်ဆက်မပြတ် ရရှိစေရန်အတွက် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီအချိန်က (အ.ထ.က- သရက်ချောင်း)ကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြသည်။
ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့် မြှင့်တင်ပေးရန် ရည်ရွယ်၍ စွမ်း ရည်မြှင့်ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲဖွင့်ပွဲကို အထက-သရက်ချောင်း ပညာရတနာခန်းမ၌ ကျင်းပရာ သရက်ချောင်းမြို့နယ် ပညာရေးမှူး ဒေါ်စန်းမွေးက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချပေးကြမည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ /မများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
အဆိုပါ အခြေခံပညာ မူလတန်းအဆင့်အဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေး နွေးပို့ချကြမည့် နည်းပြများဖြစ် မူလတန်းကျောင်းအုပ်ကြီး ဆရာ/မ(၆)ဦးတို့ကဦးဆောင်၍ ဘာသာရပ်အလိုက် စွမ်းရည်မြှင့် ဆွေးနွေးပို့ချကြမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ/မ(၂၃၁)ဦး တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကာ မတ်(၂၈)ရက်မှ(၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းခလိုက် ( သရက်ချောင်း )