တီးတိန်မြို့၌ တီးတိန်ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်

တီးတိန် မတ် ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ ပြည်သူ့‌‌ဆေးရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြမ်း ဦးဆောင်ပြီး ယနေ့ နံနက် ၈ နာရီက စု‌ပေါင်း သန့်ရှင်း‌ရေး ဆောင်ရွက်သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ခလရ(၂၆၉)မှ တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံဝင်းအတွင်း လမ်းဘေးဝဲ၊ ယာရှိ ချုံနွယ်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)