တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တွန်းဇံ မတ် ၂၈

ချင်းပြည်နယ် တွန်းဇံမြို့တွင် ဌာနဆိုင်ရာ စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို တွန်းဇံမြို့၊ ခေါဝုန်/ လေးဆန်ရပ်ကွက်ရှိ Cyclone Shelter သွားလမ်းနှင့် Cyclone Shelter ဘေးပတ်ဝန်းကျင်၌  မတ် ၂၅ ရက်နေ့ နံနက်(၈)နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Cyclone Shelter သွားလမ်းနှင့် Cyclone Shelter ဘေးပတ်ဝန်းကျင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား ၂၁၆ ဦးခန့်က  စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)