ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ပေါက်ခေါင်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ ပေါက်ခေါင်းမြို့ အ.ထ.က(အိုးဘိုကုန်း)နှင့် အ.ထ.က(ခွဲ)အမှတ် ၁ ကျောင်းစာသင်ခန်းအသီးသီးတွင် ဆွေနွေးပို့ချပေးလျက်ရှိသည်။

ရှေးဦးစွာ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းနှင့် သင်ကြားပို့ချမည့် ဘာသာရပ်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါ မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၁၇)ကျောင်းမှ မူလတန်းပြ ဆရာ၊ ဆရာမ ၉၀၅ ဦးအား နည်းပြဆရာ၊ဆရာမ ၃၀ ဦးတို့ကဆွေးနွေးပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာဘာသာရပ်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)