သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book  Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး မတ် ၂၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွင်နိုင်ပါစေ စာအုပ်အား ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး  နော်ဂေးဂေး ( Book Club )  မှ စာအုပ်ပါ   အကြောင်းအရာဖြစ်သည့် ပျော်ရွင်နိုင်ပါစေ၊ သင့်ရင်ထဲက ပန်းဉယျာဉ် ၊ ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ  ၊ ပျော်ရွင်မှုဟာသင့်လက်ထဲမှာ ၊  သူ၏ စေတနာ စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စောကညော(Youth Club)  အဖွဲ့ဝင်က ရိုးရှင်းသောဘဝ ၊ ဘဝအောင်မြင်မှု ၊ စွဲစွဲမြဲမြဲ မေတ္တာဖြင့် ဖွဲ့နှောင်သောအရပ်၊  စာကြည့်တိုက်ဝန်ဆောင်မှု အရည်အသွေး  စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် BookClub / YouthClub အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါစာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွှင်နိုင်ပါစေစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တောရွာရှိသော  တောသူတောသားများ၏ စေတနာမေတ္တာကြီးမားပုံ၊ မိမိတို့၏ လုပ်ဆောင်ရသည့် အလုပ်ကိုချစ်လျှင် အောင်မြင်မှု ရရှိပုံ အတူတကွ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ပုံ၊ အောင်မြင်သူတို့တွင် ရှိသည့် ခေါင်းဆောင်မှု စွမ်းရည်တို့ အကျိုးကျေးဇူးများကို ရရှိစေပါသည်။

နော်နော်မူ