ငါးသိုင်းချောင်း မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည့်မြို့နယ် ကြက်ခြေနီအသင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်း၍ သရက်ချောင်းအုပ်စု သောင်ရွာကျေးရွာအတွင်းရှိ ခါတော်မှီဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ ညနေ ၃ နာရီ ၃၀ အချိန်က သင်တန်းဆင်းအခမ်းအနားကို သင်တန်းအောင်လက်မှတ်များနှင့် ထူးချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနား၌ မြို့ကြက်ခြေနီအသင်းခွဲ(ငယ်) ဥက္ကဋ္ဌ ဦးမောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲအဖွဲ့ဝင် ဦးအောင်စိုးမြင့်က ကြက်ခြေနီ လုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲ ဒု-မြို့နယ်တပ်ဖွဲ့မှူး ဦးခင်မောင်သန်းက ကြက်ခြေနီတပ်ဖွဲ၏ ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကာ သင်တန်းဆင်း လက်မှတ်များနှင့် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရပ်မိ/ရပ်ဖများ၊ သင်တန်းသူ/သင်တန်းသားများ၊ မြို့ကြက်ခြေနီ အသင်းခွဲ(ငယ်) အမှုဆောင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)