ဖလမ်း မတ် ၂၈
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီက ဖလမ်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ကျင်းပကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရာက်သည့်(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ အုပ်စု ပတ်လည်ပြိုင်ပွဲများကို လည်းကောင်း၊ မတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကို လည်းကောင်း၊ ညနေပိုင်းတွင် တတိယ ဗိုလ်လုပွဲနှင့် ပထမဗိုလ်လုပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ သည့် အတွဲများအား ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းသိမ်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်နှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာအသီးသီးမှ အမျိုးသားဝန်ထမ်းနှစ်ယောက်တွဲ(၁၃)တွဲဖြင့် ပွဲစဉ်ပေါင်း (၄၀)ကို မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရဲမြင့်အောင်