(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့ အမှတ်(၅)နှင့် အမှတ်(၆)ရပ်ကွက်ရှိ ဘဲဂရက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

ကန်ကြီးထောင့် မတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ် ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့၊ အမှတ်(၅)နှင့် အမှတ်(၆)ရပ်ကွက်ရှိ မာလာကုန်း ဘဲဂရက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား မတ်လ ၂၆ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျက်းပပြုလုပ်ခဲ့သည်။

အဆိုပါလမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်၊ အဖွဲ့ဝင်(၂)ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံအား မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံပေးအပ်ခဲ့ပြီး လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘဲဂရက်ကွန်က ရစ်လမ်းသစ်သည် အရှည် ပေ ၁၀၀၀၊ အကျယ် ၁၄ပေနှင့် ထု(၈)လက်မ ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ် ခွင့်ပြုရံပုံငွေ ကျပ် ၃၉၂ သန်းဖြင့် ဆောင်ရွတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)