ချောင်းသာ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၄)နှစ်အောက် ကလေးနှင့်မိခင်များအား ထောက်ပံ့ကြေးများ ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကြေးများကို ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ထွေအုပ်ရပ်ကျေးစာရေးများက စိစစ်ကြီးကြပ်၍ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ကြေးငွေများကို ပေးအပ်ရာတွင် ရပ်ကွက်အလိုက် စာရင်းကောက်ယူပြုစုပြီး သေချာစွာ စစ်ဆေးဆောင်ရွက်ပြီးမှ ရရှိလာသည့် ကိုယ်ဝန်ဆောင်မိခင်(၇၂)ဦးနှင့် (၄)နှစ်အောက် ကလေးနှင့် မိခင်(၇၂)ဦး စုစုပေါင်း (၁၄၄)ဦးတို့ကို တစ်ဦးလျှင် (၁၅၀၀၀) နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်လေး (ပြန်/ဆက်)