ဒိုက်ဦး အောက်တိုဘာ ၂
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရပ်ကွက်ကျေးရွာ(၅၃)အုပ်စုတွင် မဲရုံပေါင်း(၁၇၂)ရုံ ထားရှိမည်ဖြစ်ရာ မဲရုံများအတွက် အထူးရဲများကို ယမန်နေ့မှစတင်၍ အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။
အထူးရဲသင်တန်းများအား မင်းတဲရပ်ကွက်အတွင်းရှိ ကောလိယခန်းမ၊ ကျောင်းစုရပ်ကွက် ကန်ဦးဓမ္မာရုံ၊ သံတံတားရပ်ကွက် ခေမာသီကျောင်းတိုက်ဓမ္မာရုံ၊ ဖောင်တော်သီကျေးရွာ အထက်တန်းကျောင်း၊ ဖောင်တော်သီကျေးရွာ၊ ခနာစုပိုင်း၊ အ.လ.က(ခွဲ)၊ မအူတန်းကျေးရွာ၊ အ.ထ.က(ခွဲ) နှင့် သုံးခွကျေးရွာ၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်တို့၌ ဖွင့်လှစ်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ ရဲစခန်းအလိုက် စခန်းမှူးများမှ ဦးစီး၍ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းဖွင့်ပွဲများအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က ကြပ်မတ်ကွပ်ကဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်(ဒိုက်ဦး)