ပိုင်ကျုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်

ပိုင်ကျုံ၊  အောက်တိုဘာ   ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို ပိုင်ကျုံနယ်မြေရဲစခန်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပိုင်ကျုံနယ်မြေရဲစခန်း ဒုတိယရဲမှူးဘတိုးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်း ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့် ရွေး ကောက်ပွဲလုံခြုံ‌ရေးတာ၀န်များ ထမ်းဆောင်ရမည်ဖြစ်သောကြောင့် အထူးရဲ၏ တာ၀န်နှင့်၀တ္တရား များ၊  အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာဆောင်ရွက်ရမည့်ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ အခြားသိ မှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စံနှုန်းများနှင့် ကြေညာစာတမ်းများ စသည့်သိမှတ်ဖွယ်ရာများကို ထုတ်နုတ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သည့်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ကြရန် ပြောကြားသည်။

အဆိုပါသင်တန်းတွင် ပိုင်ကျုံမြို့အတွင်းရှိ အထူးရဲတာဝန် ဆောင်ရွက်မည့် သင်တန်းသား(၅၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကြီးကြပ်သူအဖြစ် နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးဘတိုးနှင့်အဖွဲ့တို့က ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)