မြောင်းမြ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ ကာတွန်း ပိုစတာ ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးအန္တရာယ်ကို ပိုမိုသိမြင်နားလည်နိုင်စေဖို့နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုလှုပ်ရှားမှု ဆောင်ရွက်ချက်ဖြစ်ပါတယ်” ဟု ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ အတွင်းရေးမှူး၊ မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးကျော်စိုးလွင်က ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲသို့ ပညာရေးဒီဂရီကောလိပ်မှ (၄) ဦး၊ အခြေခံပညာအထက်တန်းအဆင့်(၆)ဦး၊ အလယ်တန်းအဆင့်(၂၄) ဦး၊ မူလတန်းအဆင့် (၁၄) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၈) ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရွေးချယ်ခံရသူများက တိုင်းဒေသကြီးအဆင့် (၂၆) ကြိမ် မြောက် ပန်းချီကာတွန်းပိုစတာ ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရသည်။
ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်မှ မောင်ဝဿာန်ရဲရင့်ကို၊ မောင်မင်းမြတ်စိုးဇော်၊ မောင်ရှိုင်း မင်းထက်၊ အလယ်တန်းအဆင့်မှ မယွန်းနန္ဒာမြင့်၊ မောင်သူရိန်ဝင်းနိုင်၊ မောင်စိုးဝေဖြိုး၊ အထက်တန်းအဆင့်မှ မပီတိချို၊ မောင်ဉာဏ်လင်းထက်၊ မောင်ပြည့်ဖြိုးအောင်တို့က လည်းကောင်း၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့်မှ မောင်မြတ်ဘုန်းသစ်၊ မောင်ဘုန်းမြတ်စည်သူ၊ မောင်လင်းမြတ်သူ၊ အလယ်တန်းအဆင့်မှ မအင်ကြင်းမိုး၊ မစုလဲ့နန္ဒာ၊ မဟေမာန်ကို၊ အထက်တန်းအဆင့်မှ နော်မေးဗယ်၊ မရနံ့လှိုင်တို့ကလည်းကောင်း၊ ကာတွန်း ပြိုင်ပွဲတွင် မူလတန်းအဆင့်မှ မောင်သော်ဇင်ညီ၊ မဟန်နီမျိုးထွန်း၊ မဟေမာန်ဆောင်း၊ အလယ်တန်းအဆင့်မှ မမေသကြင်္န်၊ စောအယ်သဂယ်၊ စောသောအယ်ရှီး၊ အထက်တန်းအဆင့်မှ မောင်အောင်မြတ်သူတို့က လည်းကောင်း တိုင်းဒေသကြီးအဆင့် ဆက်လက်ပြိုင်ပွဲဝင်ရန် ရွေးချယ်ခံရကြောင်း သိရသည်။
မြောင်းမြ(ပြန်ဆက်)