ခန္တီး မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အလယ်တန်းအဆင့်(၁၂)ဉီးနှင့် အထက်တန်းအဆင့်(၇)ဉီး စုစုပေါင်း(၁၉)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား/ ကျောင်းသူလေးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ဉာဏ်မြင့်၊ ပြန်/ဆက်ဉီးစီးဌာန လ/ထ ညွှန်မှူးဒေါ်စိမ်းစိမ်းလဲ့၊ ခရိုင်ပညာရေးမှူးရုံးမှ လ/ထညွှန်မှူး ဉီးအောင်ကျော်မြင့်နှင့် မြို့နယ်ပညာရေးမှူး ဉီးဆေးရာထန်တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)