နတ်မောက်မြို့နယ် ဘူးပင်တဲကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်း စစ်ဆေး  

နတ်မောက် မတ် ၂၆ 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး  ဦးဝင်းသူရနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ဘူးပင်တဲ ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အ‌ရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေး၊ ဝက် ကြက်မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းအဖြစ် အိမ်တွင်းစက်ချုပ်လုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များ၏ ငွေစာရင်းဖြည့်သွင်းထားရှိမှု အခြေအနေများကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း