ပုသိမ်မြို့၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်စနစ်ကို စတင်ဆောင်ရွက်

ပုသိမ် မတ် ၂၆

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်စနစ်ကို ပုသိမ်မြို့၌ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သောနွေစပါးစိုက်ပျိုးသည့်ဧကများတွင် အလှည့်ကျစနစ်ဖြင့် တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ စိုင်ခြံကျေးရွာရှိ ကွင်းအမှတ်-၅၇၊ ဦးပိုင် အမှတ်-၄၂၊ တောင်သူဦးနေဝင်း၏ လယ်ဧက(၃၀)တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်စနစ်ကို စတင်ဆောင်ရွက်နေမှုအား ပုသိမ်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။

မြင့်ဟန်