ပေါင်းတည်မြို့နယ်၌ တိရစ္ဆာန်များ ဇီဝလုံခြုံမှုအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်

ပေါင်းတည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မွေးမြူရေးခြံများတွင် တိရစ္ဆာန်များဇီဝလုံခြုံရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သပြေကုန်းကျေးရွာအတွင်းရှိ မွေးမြူရေးခြံများအတွင်း သွားရောက်ဆေးဖြန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသင်းသင်းခိုင်က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မွေးမြူရေးခြံများတွင်ပိုးသတ်ဆေးဖြန်းခြင်းဖြစ်ကြောင်း အလားတူ သဖန်းပင်ဆိပ်ကျေးရွာ၊ ကျွဲကြာကိုင်းကျေးရွာ၊ ဘုရားငါးဆူ၊ ကုန်းသာ၊ စမ်းကြီး၊ မှတ်တိုင်နှင့်အဂ္ဂရါပြည့်ငွေပေါ၊ ပန်းသင်းပင်စသည့်ကျေးရွာများအတွင်းရှိ ကြက်၊ ဝက်၊ နွားမွေးမြူရေးခြံ(၂၀)ခြံကိုလည်း ပိုးသတ်ဆေးများဖြန်းပေးခဲ့ကြောင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းရက်သတ္တပတ် (Disinfection Week)ကို မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၆ ရက် နေ့အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)