ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၁
မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို နယ်စွန်နယ်ဖျားဒေသပြည်သူများနှင့် လျှပ်စစ်ဓာတ်အားအခက် အခဲရှိသော ပြည်သူများသည် အစီအစဉ်အစမှပြီးဆုံးသည်အထိ ကြည့်ရှုနိုင်မှုဆုံးရှုံးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွင့်စက်ရုံမှ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို အောက်တိုဘာ ၂ ရက်နေ့မှစတင်ပြီး နံနက်၆နာရီမှအစီအစဉ် ပြီးသည်အထိထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်းယနေ့ သိရသည်။ အဆိုပါရုပ်မြင်သံကြားထပ်ဆင့်လွင့်စက်ရုံသည် ယခင်ကလျှပ်စစ်မီးအခက်အခဲကြောင့်ညနေ(၆)နာရီမှ ည (၁၀)အထိသာ ထုတ်လွင့်ပေးနိုင်ပြီး ယခုအချိန်တွင်လျှပ်စစ်မီးသွယ်တန်းပြီး၍ စက်ရုံ၏(၅)မိုင်ပတ်လည်ရှိ ဒေသနေပြည်သူများ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ပြီးသည် အထိကြည့်ရှုနိုင် တော့မည်ဖြစ်ကြောင်း ပြည်ကြီး မဏ္ဍိုင်မြို့ထပ်ဆင့်လွင့်စက်ရုံတာဝန်ခံ ဦးဖြိုးနိုင်ဝင်းမှပြောကြားသည်။ မျိုးလွင်(ပြန်/ဆက်)