ဟုမ္မလင်း မတ် ၂၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ဟုမ္မလင်းမြို့နယ်မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူကြိုကလေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၉း၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ်ဉီးစီးမှူး
ဒေါ်ခိုင်စံပယ်ထွန်းက ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းသည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အထူးဉီးစားပေးဆောင်ရွက်ရမည့် ရည်မှန်းချက်တစ်ရပ်ဖြစ်တဲ့အပြင် နိုင်ငံတော်၏အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်း တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်းနှင့် ကျောင်းဆင်းပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ခိုင်လေးမှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဉီးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များက ကျောင်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် သားငယ်၊ သမီးငယ်လေးများက ပြည်ထောင်စုအင်အား၊ တိုင်းရင်းသားတေးသီချင်းများ၊ သင်္ကြန်တေးသီချင်းများနှင့် ပဒေသာကပွဲများဖြင့် ကပြသီဆိုဖျော်ဖြေဧည့်ခံခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)