လက်ပံတန်းမြို့နယ်၌ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ  သင်တန်းများဖွင့်လှစ်

လက်ပံတန်း အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေး ကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက သက်ဆိုင်ရာသင်တန်း နေရာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့ပေါ်မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်ပွဲကို ၂လမ်းခန်းမ ၌ ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အထူးရဲသင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ ဒေါက်တာဝင်းထွန်းဦးမှ ကိုဗစ် -၁၉ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်၊ရှောင်ရန်အချက်များနှင့်ကျန်းမာရေးဆိုင်ရာများအားအသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့်ဌာနဆိုင်ရာများ မြို့ပေါ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အထူးရဲ သင်တန်းသား (၇၈)ဦးတို့တက်ရောက်ခဲ့ကြသည်။မဲရုံလုံခြုံ ရေးသင်တန်းများကို. အ.မ.က ကျုံလဟာတွင် သင်တန်း သား (၃၉)ဦး၊အ.ထ.က ခမုံဆိပ်တွင် (၃၄)ဦး၊အ.ထ.က ဇီးဖြူကုန်းတွင် (၂၅)ဦး တို့ကို ၁-၁၀-၂၀၂၀ မှ ၂၈-၁၀-၂၀၂၀ နေ့ထိ နေ့စဥ် ၀၇၃၀ မှ ၁၅၄၀ ချိန်ထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး

ဒေါ်ဝင့်နန္ဒာဌေး

မြို့နယ်ဦးစီးမှုး

၀၉၄၂၃၇၀၄၀၄၀