ဟင်္သာတမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင်မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံစစ်ဆး အသိပညာပေးခြင်းများဆောင်ရွက်

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံစစ်ဆး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်မြို့နယ်အဆင့် ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လျှပ်စစ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဌာနများမှ တာဝန်ရှိသူများက ဟင်္သာတမြို့ ပခန်းရပ်ကွက်ရှိ ပွဲရုံတန်းများနှင့် စျေးဆိုင်ခန်း များအားလည်းကောင်း အေးမြသာယာရပ်ကွက်နှင့် လယ်တီကွင်းရပ်ကွက်များအတွင်း နေထိုင်ကြသော ပြည်သူများအား မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်မီးဘေးလုံခြုံရေး ၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့အား လိုက်လံစစ်ဆေး အသိပညာပေးလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)