မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြောင်းမြ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊    မြောင်းမြခရိုင်၊  မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် အခမ်းအနားပွဲများတွင်   အခမ်းအနားမှူး‌ကောင်း တစ်‌ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ရဲဝံ့လိမ္မာစွာ စကားပြောတတ်စေရန်ရည်ရွယ်၍ အထောက်အကူပြုသင်တန်းဖြစ်သည့် အခန်းအနားမှူးသင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က  စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင်လှစ်ရခြင်း ရည်ရွယ်ချက် နှင့် အမှာစကားပြောကြားပြီးနောက် အ.ထ.က (၆) မှ  အငြိမ်းစား အထက်တန်းပြ (မြန်မာစာ) ဆရာမကြီး ဒေါ်တင်တင်ဌေးက အခမ်းအနားမှူး သင်တန်းအား  ဆက်လက်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ်လ (၂၄)ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်ဆက်