စုကလိ မတ် ၂၄
မြန်မာနိုင်ငံ၏ နေ့ထူးရက်မြတ် တစ်ရက်ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၇၈ နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk show အား ယနေ့နံနက်ပိုင်းအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင် -၃ (အင်အားပြ) ဦးကိုကိုအောင်က ခေတ်အဆက်ဆက် မြန်မာ့တပ်မတော်၊ တပ်မတော်၏အားဆယ်ပါး၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော် လွတ်လပ်ရေးရရှိပြီး မြန်မာနိုင်ငံနှင့်တပ်မတော်အကြောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက ရဲဘော်သုံးကျိပ်နှင့် စတင်ခဲ့တဲ့တပ်မတော် အမျိုးသားနိုင်ငံရေး တာဝန်များကို ယနေ့ထက်တိုင် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော တပ်မတော် ၇၈ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် ၄ ရပ်တို့ကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် Talk show များအား အပတ်စဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည် ။
ပိုပိုအောင်