လိပ်သိုမြို့တွင် ဆူးပုပ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ

လိပ်သိုမတ်၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည်တောင်ကုန်း/တောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ယခုအခါစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိစေရန် မိမိတို့၏ နေအိမ်ခြံဝန်းကျယ်ရှိသောသူများသည် ဆူးပုပ်ပင်များကို စိုက်ပျိုးပြုစုထားခြင်းဖြင့် မိမိတို့စားသုံးရန်အပြင် ပြန်လည် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ရာသီပေါ်ချိန်လိုအပ်သော ဆူးပုပ်ရွက်များကို တောင်ငူမြို့မှလိပ်သိုမြို့သို့လာရောက် ရောင်းဝယ်ကြသော မော်တော်ဆိုင်ကယ် ဈေးသယ်များထံမှလည်း ဝယ်ယူစားသုံးရကြောင်း၊ ယခင်ကာလများက ဆူးပုပ်ရွက်တစ်စီးကို (၂၀ဝိ/-)ကျပ်ဖြင့် ဝယ်ယူစားသုံးခဲ့ရသော်လည်း ယခုအခါ(၅၀ဝိ/-)ကျပ်ဖြင့် ဝယ်ယူစားသုံးနေရကြောင်း ဆူးပုပ်ရွက်ဝယ်ယူ စားသုံးသူတစ်ဦးထံမှသိရသည်။ လိပ်သိုမြို့တွင် စိုက်ပျိုးထားသော ဆူးပုပ်ပင်များမှာ ဆူးပုပ်ကြီးပင်များဖြစ်ကြောင်းလည်း သိရသည်။

ခင်လေးနွယ်(လိပ်သို)