ပန်းတောင်းမြို့နယ်၊ ငါးမျက်နှာကျေးရွာ(ရွာလေး)၌ သောက်သုံးရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

ပန်းတောင်း မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ငါးမျက်နှာကျေးရွာ(ရွာလေး)၌ သောက်သုံးရေကန်တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့သောက်သုံးရေကန်တူးဖော်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တောင်ဘွေကျေးရွာအုပ်စုငါးမျက်နှာကျေးရွာ(ရွာလေး)တွင် (၄၀၀ ပေ × ၃၀၀ ပေ)ရှိ သောက်သုံးရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသောက်သုံးရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လမ်းပြင်ခြင်း၊ အနီးပတ်ဝန်းကျင်အားရှင်းလင်းခြင်း၊ လိုအပ်သောပစ္စည်းများစုဆောင်း၍ သောက်သုံးရေကန်တူးဖော်ခဲ့ကြောင်း သိရသည်။

သောက်သုံးရေကန်တူးဖော်ရန်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သွားရောက်၍ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)