ရွှေတောင် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက China EXIM bank ကာလလွန်ကြွေးကျန်များ ကောက်ခံရရှိရေး ကြွေးကျန်အခြေခံအသင်းစုများ ခေါ်ယူတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး China EXIM bank ကာလလွန်ကြွေးကျန်များအား မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အပြေအကျေပေးဆပ်ရန်နှင့် ပေးဆပ်နိုင်ခြင်းမရှိပါက မြေပြင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြွေးကျန်များ အပြည့်အဝကောက်ခံရရှိရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ်သမဦးစီးမှူး ဒေါ်ရီရီစိုး၊ မြို့နယ်သမအသင်းစုဥက္ကဋ္ဌ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အခြေခံသမအသင်းစု(၆၂)စုတို့မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပြီး ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)