ပန်းတောင်း မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ နွေစပါးစိုက်ပျိုး ရေရရှိရေးအတွက် သရက်လိန်ကျေးရွာအုပ်စု သရက်လိန်ကျေးရွာရှိ သရက်လိန်လျှပ်စစ်မြစ်ရေတင်သို့ ကြည့်ရှု၍လည်းကောင်း၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယမြစ်ရေတင်သို့ ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဆက်လက်၍ စမ်းပေါက်ချောင်းကျေးရွာတွင် စမ်းပေါက်ချောင်းမြစ်ရေတင်သို့လည်းကောင်း၊ တောင်ဘွေကျေးရွာအုပ်စု ငါးမျက်နှာ(ရေဝင်)ကျေးရွာ၌ သောက်သုံးရေကန် ပြန်လည်တူးဖော်နေခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)