လိပ်သိုဒေသထွက် ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

လိပ်သို  မတ်   ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ  ယခုအခါ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ကျောက်ဖရုံသီး တိုးချဲ့စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးလေ့မရှိကြသော်လည်း ယခင်ကကျောက်ဖရုံသီးကို စားသုံးရန်နှင့် လက်ဆောင်ပေးရန်အတွက်သာ မိမိတို့၏  အိမ်ခြံဝန်းအတွင်း တွင် ဖြစ်သလိုစိုက်ပျိုးခဲ့ကြရာမှယခုအခါ စားသုံးသူ များပြားလာ၍   ဈေးကောင်းရရှိလာသောကြောင့် လိပ်သိုမြို့ပေါ်ဈေးဆိုင်များတွင် ကျောက်ဖရုံသီးအလုံးအကြီး/ အသေးပေါ်မူတည်၍ လက်လီဈေး အသေးတစ်လုံးလျှင် ကျပ်(၁၅၀ဝိ/-) မှ အလုံးအကြီး (၂၅၀ဝိ/-) ကျပ် ပေါက်ဈေး ထိရှိကြောင်း ထီးသာစောကျေးရွာမှကျောက်ဖရုံသီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

လိပ်သိုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ရွှေဖရုံ၊ နနွင်း၊ကော်ဖီ၊ ၀ဥ၊ ချဉ်ပေါင်၊ ပိန်းဥ၊ ပီလောပီနံနှင့် ငရုတ်တို့ကို စီးပွားဖြစ်အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့်သီးနှံများအား အကျိုးအမြတ်များစွာ ရရှိစေရန်အတွက် အခြားဒေသတို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)