မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရွှေဘို   မတ် ၂၄

လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​​ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဥ်များ​ကြောင့်မီးလောင်ဆုံးရှုံးခဲ့သည့်၊ မီးဘေးသင့် အိမ်ထောင်စုများအား၊ အလတ်တလောသက်သာ ချောင်ချိစေရန်ရည်ရွယ်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ​ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်အနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကား ​ပြောကြားခဲ့ပြီး၊​ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​ချောစုက​ ထောက်ပံ့​ပေးအပ်ရသည့် အကြောင်းအရင်းများကို ရှင်းလင်း​ပြောကြားခဲ့ပြီး၊ တက်​ရောက်လာသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ​ထောက်ပံ့ပစ္စည်းများ​ ပေးအပ်ရာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်​ ကျေးရွာသားများက လက်ခံရယူခဲ့​ကြောင်း သိရသည်။

အဆိုပါ​ထောက်ပံ့​ပေးအပ်ပွဲတွင်၊ မြင်းစီး​ကျေးရွာ၊ မီး​ဘေးသင့်အိမ်​ထောင်စု(၉၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆,၂၀၀,၀၀၀ိ/) ကျပ် လူဦး​ရေ(၃၇၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇၇၉,၁၀၀ိ/) ကျပ် စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၆,၉၇၉,၁၀၀ိ/)ကျပ်နှင့် ထောက်ပံ့ပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)