ကော့သောင်း မတ် ၂၄
၂၀၂၃ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့ နှစ်(၃၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေသယံဇာတနှင့် ရာသီဥတုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ရေ၏အရေးပါပုံ၊ မြေအောက် ရေရှားပါးလာမှုကို ဖြစ်စေသည့်အကြောင်းအရာများ၊ ရေသယံဇာတအပေါ်သက် ရောက်လာသည့် ရာသီဥတုအကြောင်း၊ရေအရည်အသွေး ပျက်စီးလာမှု၏ အကျိုးဆက်များ၊ ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်ရွက်ချက်များနှင့် ရေသယံဇာတဆိုင်ရာ အကြောင်း ဖြည့်စွက်ဆွေးနွေးချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့် ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးမှ ရေအကျပ်အတည်းပြဿနာများကို စုပေါင်းဖြေရှင်းနိုင်ရန် သတ်မှတ်ခဲ့သည့် ကမ္ဘာ့ရေနေ့အကြောင်းနှင့် သက်ရှိတို့အတွက် ရေသယံဇာတ၏အရေးပါမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အဆိုပါ Talk Show ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)