ပုလော မတ် ၂၃
ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီ အားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် စာကြည့်တိုက်ကို ရင်းနှီးမှုရှိလာပြီး ပျော်ရွှင်လာစေရန် ရည်ရွယ်၍ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကာယ/ဉာဏစွမ်းရည် ပြိုင်ပွဲတွင် ကျောင်းသား/သူများကို ဆေးရောင်ခြယ်ခြင်း၊ စိတ်ကြိုက် ပုံပြင်ပြောခြင်း၊ စာအုပ်ရွက်ပြိုင်ခြင်း၊ ခုံလုပြိုင်ခြင်းနှင့် ဂုံနီအိတ်စွပ်ခုံခြင်း စသည့်အားကစားနည်းများဖြင့် ပျော်ရွှင်စွာပါဝင်ယှဉ်နွှဲခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အချိုရည်နှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာ၊ အတွေးအခေါ်၊ အယူအဆများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Online Talk Show များလည်းကိုလည်း အပတ်စဉ်ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)