ကော့ကရိတ် မတ် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၃ခုနှစ် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသား(အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲကို (၁၈-၃-၂၀၂၃) ရက်နေ့မှ (၂၃-၃-၂၀၂၃) ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ က ကော့ကရိတ်ခရိုင် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၃)ရပ်ကွက်နှင့်အမှတ်(၅)ရပ်ကွက် အမျိုးသား(အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဥ်ပြိုင်ကစားကြရာ အမှတ်(၃)ရပ်ကွက်အသင်းမှ (၅)ဂိုး(၃)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပသည်။
ဆုချီးမြှင့်ရာတွင် ပွဲစဥ်တစ်လျှောက်ဂိုးသွင်းအများဆုံးဆုကို အမှတ်(၇)ရပ်ကွက်အသင်းမှ မောင်စိုင်းထက်ပိုင်ကိုအားလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုကို အမှတ်(၃)ရပ်ကွက်အသင်းမှ မောင်ကျော်သီဟအားလည်းကောင်း၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုကို အမှတ်(၅)ရပ်ကွက်အသင်းမှ မောင်ရဲဇာ အောင်အားလည်းကောင်း၊ ပထမဆုရရှိသော အမှတ်(၃)ရပ်ကွက်အသင်းအား ငွေသားဆုနှင့်လည်ဆွဲများနှင့် ဒုတိယဆုရရှိသော အမှတ်(၅)ရပ်ကွက်အသင်းအား ငွေသားဆုနှင့် လည်ဆွဲများဆုချီးမြှင့်ခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ထိုနောက် ပထမဆုရရှိခဲ့သည့် အမှတ်(၃)ရပ်ကွက်အသင်းအား တံခွန်စိုက်ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ နှင့်ဒုတိယဆုရရှိခဲ့သောအမှတ်(၅)ရပ်ကွက်အသင်းအား ဆုဖလားကို ကေ့ာကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်ထူးစံတို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အားကစားသမားများနှင့် အားကစားကို ချစ်မြတ်နိုးသောပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)