လောင်းလုံး မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌ အသင်းအဖွဲ့ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ယခုလိုတွေ့ဆုံဆွေးနွေးရခြင်းမှာ နိုင်ငံတော်မှ ချမှတ်သော ဥပဒေများကို အသင်းအဖွဲ့များ သိရှိလိုက်နာဆောင်ရွက်စေရန်၊ မိမိတို့အသင်းအဖွဲ့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ် လွဲမှားမှုမရှိစေရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုလုပ်ငန်းများ ပါဝင်ပတ်သက်မှုမရှိစေရန်၊ လောင်းလုံးမြို့နယ်တွင် လူမှုရေးအသင်းအဖွဲ့ (ပရဟိတ)မှတ်ပုံတင်ထားသည့် အဖွဲ့ (၂၀) ရှိသည့်အနက် အမှန်တကယ်လှုပ်ရှားသည့် အသင်းအဖွဲ့များနှင့် လှုပ်ရှားမှုမရှိသည့်အသင်းအဖွဲ့များကို သိရှိနိုင်စေရန်၊ မှတ်ပုံတင်သက်တမ်းကုန်ဆုံးလျှင် အသစ်ပြန်လည် လျှောက်ထားကြစေရန်၊ မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များ၊ သတိပြုရမည့်အချက်များကို သိရှိနိုင်စေရန်၊ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ ပယ်ဖျက်ဥပဒေနှင့် ပြဋ္ဌာန်းထားသောဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် အသင်းအဖွဲ့များမှ သိရှိလိုသော အကြောင်းအရာများနှင့် မရှင်းလင်းသည်များရှိပါက ပြန်လည်မေးမြန်းဆွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မှတ်ပုံတင်ရေးအဖွဲ့ဝင် ရဲမှူးထွန်းလှရှိန်က မှတ်ပုံရေးဥပဒေနှင့် ပတ်သက်ဆက်လက်ရှင်းလင်းသည်။
ထို့နောက်မြို့နယ် မှတ်ပုံတင်းအဖွဲ့ဝင် ဥပဒေအရာရှိ ဦးအောင်မျိုးသန့်က မှတ်ပုံတင်ရေးနှင့်ပတ်သက်သော တားမြစ်ချက်နှင့် ပြစ်ဒဏ်၊ ချမှတ်နိုင်သော ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းချပြဆွေးနွေးကာ တက်ရောက်လာကြသော ပရဟိတ၊ လူမှုရေးအသင်းအဖွဲ့များမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လောင်းလုံးမြို့နယ်အတွင်းရှိ ပဟိရတ၊ လူမှုရေးအသင်းအဖွဲ့များတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)