မော်လိုက် မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ မြို့နယ်အတွင်းရှိ ကလေးသူငယ်များ အခွင့်အရေးများ ၎င်းတို့နှင့်ဆိုင်သည့် ဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများထိရောက်စွာ သိရှိနိုင်ရေးအတွက် အစီအစဉ်များကို အကျယ်တဝင့် ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လှက ကလေးလူငယ်များ အခွင့်အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ် ဥပဒေအရာရှိ ဦးမြတ်သူရဇော်က ကလေးသူငယ်များဆိုင်ရာ ဥပဒေများ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိများ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်