ဟုမ္မလင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်​ပြိုင်ပွဲ ကျင်းပ

ဟုမ္မလင်း မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စွမ်းရည်​ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင်  ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်၊ ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ကိုယ်ရည် ကိုယ်သွေးထက် မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် စာပေနှင့် အဆက်မပြတ်ထိတွေ့စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေး ရဖြစ်ကြောင်း သိရသည်။

ဆက်လျက်၍ မူလတန်းထက်/ဆင့် ကျောင်းသား/သူ (၂၀)ဦးက ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု  တတိယဆု၊ နှစ်သိမ့်ဆု ရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)