သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီး တောင်တက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ၂၀% ပြီးစီး

စုကလိ    မတ်     ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီးတောင်တက်လမ်း မြေသားလမ်းမှ ကွန်ကရစ်လမ်းသို့အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများအား ဖေဖော်ဝါရီလမှ စတင်၍  အလှူရှင်များ၏ သဒ္ဒါထက်သန်စိတ်များဖြင့် လှူဒါန်းကြသော အလှူငွေများဖြင့် ပြုပြင်ခဲ့ကြသည်။

စုကလိမြို့တာနောထ ကျေးရွာအဝင်တံတားမှ စတင်၍ တောင်ပေါ်ရင်ပြင်အထိ ဖောက်လုပ်သွားမှာဖြစ်ပြီး ယနေ့အချိန်တွင် လူအင်အားစက်ယန္တရား အင်အားများဖြင့် ပြုပြင်တည်ဆောက်ခဲ့ကြ ရာ ၂၀% အထိ ပြီးစီးခဲ့ပြီးဖြစ်သည်။

သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်မြတ်ကြီးတောင်တက်လမ်း ပြီးစီးပြီးချိန်တွင် ဘုရားဖူး လာပြည်သူများအနေဖြင့် စိတ်အေးချမ်းသာ ဘုရားပေါ်သို့တက်ရောက် ဖူးမြော်ာ်နိုင်မည်ဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသော တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပိုပိုအောင်