စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒစာရင်းများကြေညာ

ကလေးဝ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒစာရင်းများကြေညာခြင်းကို ယနေ့ နံနက် ၇ နာရီ က စတင်၍ ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကပ်ထားကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့် စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရန်အတွက် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု (၃၉) အုပ်စု၌ ဒုတိယအကြိမ် မဲဆန္ဒစာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ကပ်ထား‌ ကြေငြာပေးသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများအား ပြည်သူများလာ ရောက်ကြည့်ရှုနိုင်ရေးကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများက အသိပေးနှိုး ဆော်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူများ မဆုံးရှုံးစေရန် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရန်အတွက် အသိပေး စီစဉ် ဆောင် ရွက် လျက်ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)