ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေး၊ သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုရှိစေရေး၊  ကြိုဆိုနေရာချထာရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ သင်္ကြန်ကာလအတွင်း စတုဒီသာကျွေးမွေးရေး အစီအစဉ်များကို  မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်   ဆပ်ကော်မတီ အလိုက်အဖွဲ့များ ဖွဲ့စည်းတာဝန်များ ပေးအပ်သွားမည်ဖြစ်၍ ကော်မတီအလိုက် အကြံပြုဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း