မုံရွာ မတ် ၂၃
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပညာရေးအနေဖြင့် ပညာထူးချွန်သော အကျင့်စာရိတ္တကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ကျင့်ပျိုးထောင်ရန်၊ ထိရောက်သောနည်းလမ်းမျိုးစုံဖြင့် သင်ယူသူများကိုယ်တိုင် သင်ယူမှုဖြစ်ထွန်းစေရန်၊ အပြုသဘောဆောင်သော ဆရာ၊ ကျောင်းသား ဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်ပေးသည့် သင်ကြား၊ သင်ယူမှုပုံစံများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ဆရာ၊ ဆရာမများ စွမ်းရည်တိုးတက်မြင့်မားလာစေရန်အတွက် နှစ်စဉ် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အလားတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (မုံရွာ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး မတ်လ (၂၄)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ အတွေ့အကြုံရှိသည့် ဗဟိုအဆင့်နည်းပြများ၊ ထက်အုပ်၊ လယ်အုပ်၊ အထက်တန်းပြ၊ အလယ်တန်းပြ နည်းပြဆရာ/ဆရာမ(၄၆)ဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ အရာတော်နှင့် အခြားမြို့နယ်များမှ အထက်တန်းပြ ဆရာ၊ ဆရာမ (၃၆၀) ဦးကို ဘာသာရပ်(၉)ခုနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမ(၈၃၉)ဦးကို ဘာသာရပ်(၆)ခု တို့ဖြင့် သင်တန်းနည်ပြဆရာဆရာမ(၄၆)ဦးနှင့်အတူ စုစုပေါင်းဆရာ ဆရာမ(၁၁၉၉)ဦးတို့က အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)