ကြို့ပင်ကောက်မြို့နယ်၊ ဘုကြီးကျေးရွာယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွင် နံရံကပ်စာစာင်များပြသ၍ အသိပညာပေးဟောပြာ

ကြို့ပင်ကောက် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၊ ဘုကြီး‌ကျေးရွာ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းတွင် နံရံကပ်စာစာင်များပြသခြင်းနှင့် အသိပညာပေး ဟောပြာပွဲဆောင်ရွက်ခြင်းကို ပြန်ကြား‌‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ကျေးရွာများမှကျောင်းသား၊ ကျောင်းသူ ကလေးငယ်လေးများ လိမ္မာယဉ်ကျေးသိတတ်သော အနာဂတ်၏ သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ဘုကြီးကျေးရွာဘုန်းတော်ကြီးကျောင်း ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအား ကျောင်းထိုင်ဆရာတော် ဦးဣန္ဒကနှင့် ဘုကြီးကျေးရွာ အ.မ.ကကျောင်းမှ ဆရာမများက ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ၊ ဗုဒ္ဓဘာသာမြန်မာစာနှင့် အဘိဓမ္မာသင်ခန်းစာများအား သင်ကြားပေးလျက်ရှိကြောင်း ယခုကဲ့သို့ ပြင်ပဗဟုသုတများဖြစ်သော မူးယစ်ဆေးများအကြောင်းနှင့် လူကုန်ကူးမှုများအကြောင်းတို့ကို လာရောက်အသိပညာပေးဟောပြောပေးသော ဌာနဆိုင်ရာများအား အထူးကျေးဇူးတင်ရှိပါကြာင်း သင်ကြားရေးဆရာမတစ်ဦးက ပြောသည်။

ကျောင်းဖွင့်ချိန်များတွင် အခြေခံပညာကျောင်းများသို့ နယ်လှည့်သွားရောက်ပြီး နံရံကပ်စာစာင်များပြသခြင်း အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ယခုကဲ့သို့ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းများသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးကပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)