မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေပေးအပ်

မော်လမြိုင်ကျွန်း   အောက်တိုဘာ   ၁

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  တန့်ငူကျေးရွာအုပ်စု၊  အောင်လှိုင်ကျေးရွာ၌   စက်တင်ဘာလ  ၃၀ ရက်နေ့က  ဖြစ်ပွားခဲ့သောမိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်   ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စုမှ  ဘေးသင့်ပြည်သူ ၅ ဦးအတွက် ယနေ့ညနေ ၃ နာ  ရီအချိန်က ဘေးသင့်ပြည်သူ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့်  မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး ၁၀၀,၀၀၀ ကျပ်နှင့် ဆန်ရိက္ခာ ၇ ရက်စာဘိုး ၁၀၅၀၀ ကျပ်၊  စုစုပေါင်း ၁၁၀၅၀၀ ကျပ်တိတိအား  ဘေးသင့်ပြည်သူ လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)