အထက်မင်းလှ မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ ယနေ့နံနက် ၉ နာရီက သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်ရိုးသစ်ဘာသာ ရပ်စွမ်းရည်မြှင့်သင်တန်းတွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် ဆရာ၊ ဆရာမများသင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေးလေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းကြောင်း သင်တန်းကိုအလယ်တန်း၌ နည်းပြဆရာ၊ ဆရာမ(၁၆)ဦးတို့မှ သင်တန်းသားဆရာ၊ ဆရာမ(၄၆၀)ဦးအားလည်းကောင်း၊ အထက်တန်း၌ နည်းပြဆရာ၊ ဆရာမ(၉)ဦးတို့မှ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ(၁၁၄)ဦးတို့အား သင်ကြားပို့ချဆွေးနွေးလျက်ရှိပြီး၊ သင်တန်းကာလမှာ မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ(၄)ရက်ကြာ ဖွင့်လှစ်ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)