တောင်ငူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centr)ခန်းမ၌ "စားသုံးသူအသိပညာပေး" TALK SHOW ဆောင်ရွက်

တောင်ငူ   မတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက "စားသုံးသူ အသိပညာပေး" TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ “စားသုံးသူ အသိပညာပေး” TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိဒေါ်ခင်သူဇာဝင်းနှင့်  ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမြင့်သူတို့က စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများအတွက် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူရေးရာနှင့်ပတ်သက်၍ ပြည်သူလူထု သိသင့်သိထိုက်ရမည့် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များစသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show မှ ဆွေးနွေးချက်များအား တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်