ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာတွင် နွေ၊ မိုး၊ ဆောင်း အဆင်ပြေစွာသွားလာနိုင်သည့် ကျောက်ရောမြေခင်းလမ်းဖွင့်လှစ်

ဖြူး မတ် ၂၃

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာတွင်း လမ်းအရှည် (၃၁၆၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက္မရှိ ကျောက်ရောမြေခင်းလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ လမ်းဖွင့်ပွဲတွင် တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးကျော်မျိုးအောင်က ကျောက်ရောမြေခင်းလမ်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာနေ ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာကျောက်ရော မြေခင်းလမ်းအား   သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း (၁၀၀)၊ ကျေးရွာနေပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေ သိန်း (၆၀) တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာလမ်းပြီးစီးသွားခြင်းကြောင့် ကျေးရွာနေပြည်သူများအတွက် နွေ၊ မိုး၊ ဆောင်း အဆင်ပြေစွာသွားလာနိုင်သည့် လမ်းတစ်ခုဖြစ်လာကြောင်း  ကျေးရွာဒေသခံများထံမှ သိရသည်။

နေမျိုးလွင်