ရွှေကျင် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီမှစ၍ ခြေတော်ရွာကျေးရွာအတွင်းရှိ မွေးမြူရေးခြံများတွင် သွားရောက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခြေတော်ရွာကျေးရွာအတွင်း နွား၊ ကြက်၊ ဝက်မွေးမြူကြသည့် မွေးမြူရေးခြံများ၌ ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာထူးမြတ်က မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းဖြစ်ကြောင်း၊ ခြံဖြန်းပိုးသတ်ဆေးများကို အသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပေးပြီး နွား၊ ကြက်၊ ဝက်မွေးမြူကြသည့် မွေးမြူရေးခြံများအား ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခဲ့သည်။
အဆိုပါ ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူးဦးစိုင်းသူထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)