သရက်ချောင်းမြို့နယ်တွင် ရာသီပေါ်ဒန့်သလွန်သီးများစျေးကောင်းရရှိ

သရက်ချောင်း မတ်၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူအများစုက ပြင်ပလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံအတွင်း၌ ရာသီပေါ်သီနှံများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရာမှ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း အခုအချိန် ဒန့်သလွန်သီး ပေါ်ချိန်ဖြစ်၍ ဒန့်သလွန်သီးများ ခူးဆွတ်ရောင်းချကြကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ တောင်သူများသည် ဥယျာဉ်ခြံများနှင့် နေအိမ်ခြံအတွင်း အမှီပြု၍ တစ်နှစ်တစ်ကြိမ် ဆွတ်ခူးရောင်းချလို့ရသည့် ရာသီပေါ်သီနှံများနှင့် သဘာဝအတိုင်း စိုက်ပျိုးစားသုံးရောင်းချလို့ရသည့် ဟင်းသီးဟင်းရွက်ပင်များဖြစ်သည့် ခရမ်းချဉ်သီးပင်၊ ရုံးပဒေသီးပင်၊ ခရမ်းပေါမဲသီးပင်၊ ဟင်းနွယ်ရွက်ပင် စသည့်အပင်များနှင့် ဒန့်သလွန်သီးပေါ်ချိန်ဖြစ်၍ ဒန့်သလွန်သီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ရရှိကြောင်း အဆိုပါသီးနှံများနှင့် ရာသီပေါ်ဒန့်သလွန်သီးများအား ခူးယူ၍ မြို့ပေါ်စျေးများ၊ စျေးဆိုင်များနှင့် မြို့အတွင်းလှည့်လည် ရောင်းချခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးတောင်သူများထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)