သနပ်ပင် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာက လူငယ်ရေးရာ အသိပညာပေး(Talk Show)ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်တက်ရန် ဘာသာရပ်ရွေးချယ်ရာတွင် မိမိဝါသနာပါသော ဘာသာရပ်ကိုသာရွေးချယ်ရန်၊ ရွေးချယ်မှုမှန်ကန်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါတွင်လဲ မိမိဝါသနာပါရာလုပ်ငန်းကို လုပ်ကိုင်မှသာ အခက်အခဲများတွေ့ရှိပါက အလွယ်တကူကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ မိမိဝါသနာမပါသောအလုပ်ကို လုပ်ကိုင်နေရပါက သေးငယ်သောအခက်အခဲကိုပင် မကျော်ဖြတ်နိုင်ပဲ ကျရှုံးနိုင်ကြောင်း၊ အမှားကိုနမူနာယူပြီး ပြန်လည်ရုန်းကန်သင့်ကြောင်း၊ အောင်မြင်မှုတစ်ခုရယူရန်အတွက် ကြိုးစားအားထုတ်မှုလိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်က လူငယ်နှင့်စာရိတ္တအကြောင်း၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)