ကလေးခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ကလေး   ဖေဖော်ဝါရီ    ၂၈

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်း ကြိုကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များစာကြည့်တိုက်အကြောင်းသိရှိစေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက သိရှိစေရေး ရည်ရွယ်၍ ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်းနှင့် ကလေးစာပေစာအုပ်ပြပွဲတို့ကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကလေးငယ်တို့၏ ပျော်ပွဲရွှင်ပွဲများအဖြစ် ခါးလှည့်ကွင်းကစားခြင်း၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ ပြုလုပ်ပေးခြင်း၊ စကောရွက်ပြိုင်ပွဲပြုလုပ်ခြင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ပေးခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် ကလေးစာပေစာအုပ်ပြပွဲပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

ပျော်ပွဲရွှင်ပွဲသို့လာရောက်သည့် ကလေးငယ်လေးများအတွက် အလှူရှင် ဦးတင်ထွန်းဝင်း မိသားစု မှ ဗလာစာအုပ် နှစ်အုပ်စီနှင့် ခဲတံနှစ်ချောင်း ခဲဖျက်တစ်ခုစီတို့ လက်ဆောင်ပေးခဲ့ကြပြီး အချိုရည်များ တိုက်ကျွေးပေးခဲ့​ကြောင်းသိရသည်။

သျှင်နေမင်း(ဂန့်ဂေါ)